ဆွေဆွေကျော်တင့် (@sweswekyawtint) 's Twitter Profile
ဆွေဆွေကျော်တင့်

@sweswekyawtint

ဖတ်သူအကျိုးရှိမယ့်စာလေးတွေဘဲတင်ပေးမယ်

ID: 2662562419

calendar_today20-07-2014 11:00:48

2,2K Tweet

49,49K Followers

6 Following

ဆွေဆွေကျော်တင့် (@sweswekyawtint) 's Twitter Profile Photo

🎆တစ်ယောက်တည်းနေရတာ ပျင်းစရာကြီးလို့ပြောတဲ့သူဟာ တရားနဲ့မပျော်တတ်သေးလို့ပါ…… 🎆တရားနဲ့ပျော်တတ်သွားရင် တစ်ယောက်တည်းနေရတာ ပျော်စရာအကောင်းဆုံးပါဘဲ ……

🎆တစ်ယောက်တည်းနေရတာ
ပျင်းစရာကြီးလို့ပြောတဲ့သူဟာ
တရားနဲ့မပျော်တတ်သေးလို့ပါ……
🎆တရားနဲ့ပျော်တတ်သွားရင်
တစ်ယောက်တည်းနေရတာ
ပျော်စရာအကောင်းဆုံးပါဘဲ ……
ဆွေဆွေကျော်တင့် (@sweswekyawtint) 's Twitter Profile Photo

"မျက်ရည်မကျခင် သိစေချင်" ယခု သားနဲ့ သမီးနဲ့ ဆွေနဲ့ မျိုးနဲ့ ပစ္စည်းဥစ္စာတွေနဲ့ မသိပြုံး ပြုံးနေသလောက် မသိပျော် ပျော်နေသလောက် နောင်သေခါနီး အိပ်ရာညောင်စောင်းမှာ မျက်ရည်ကျရလိမ့်မယ်။ (မိုးကုတ်ဆရာတော်ဘုရားကြီး)

ဆွေဆွေကျော်တင့် (@sweswekyawtint) 's Twitter Profile Photo

ဒေါသဖြစ်ရတာ နည်းချင်ရင် စိတ်ပျက်ရတာ နည်းချင်ရင် အသွားရှိတိုင်း အပြန်မရှိနိုင်ဘူးဆိုတာ မမေ့ပါနဲ့... (ဆရာတော်ဦးဇောတိက)

ဆွေဆွေကျော်တင့် (@sweswekyawtint) 's Twitter Profile Photo

"စိတ်ကောင်းရှိမှ မိတ်ကောင်းရှိမည်" 'မိတ်ကောင်း'ကို လိုချင်ရင် ကိုယ်ကိုတိုင် 'စိတ်ကောင်း'ကို အရင်မွေးဖို့ လိုပါတယ် စိတ်ကောင်းမရှိဘဲနဲ့တော့ မိတ်ကောင်းကို မရနိုင်ပါဘူး။ (ဓမ္မဝီရ အရှင်တေဇနိယ)

ဆွေဆွေကျော်တင့် (@sweswekyawtint) 's Twitter Profile Photo

ဘာစကားပဲဖြစ်ဖြစ် လိုအပ်မှ ပြောတာကောင်းပါတယ်။ ကိုယ့်အတွက်လည်း ဘာမှအကျိုးမရှိ၊ သူ့အတွက်လည်း ထိခိုက်နစ်နာစေမယ့် စကားမျိုးဆိုရင် မှန်နေရင်တောင်မှ လုံးဝမပြောပါနဲ့။ လုပ်ကြံပြီးပြောဖို့ကတော့ စိတ်ကူးထဲတောင်မထည့်ပါနဲ့။ (အရှင်ဆန္ဒာဓိက)

ဆွေဆွေကျော်တင့် (@sweswekyawtint) 's Twitter Profile Photo

"ကိုယ်အသိဆုံး" ကိုယ်ကောင်းတယ် ကိုယ်မကောင်းဘူးဆိုတာ ကိုယ် အသိဆုံးပါ ကောင်းတယ်ဆိုရင် ဝမ်းသာလိုက်ပါ။ မကောင်းဘူးဆိုရင် ကောင်းအောင်ပြင်ဖို့ရာ ဝန်မလေးပါနှင့်။

ဆွေဆွေကျော်တင့် (@sweswekyawtint) 's Twitter Profile Photo

"တွေးတတ်ဖို့" လူတစ်ယောက်အကြောင်းကို တွေးရင် မကောင်းတဲ့နေရာမှာ ရပ်မထားရဘူး ကိုယ့်အပေါ်ကောင်းခဲ့တဲ့အထိ ခွင့်လွှတ်နိုင်တဲ့အဆင့်အထိ ရောက်အောင်တွေးရမယ်။ (ရွှေကျင်ဆရာတော်)

ဆွေဆွေကျော်တင့် (@sweswekyawtint) 's Twitter Profile Photo

"မမျှော်လင့်ပါနဲ့" သင်ဟာ သားသမီးကောင်းမဖြစ်ခဲ့ဘူးဆိုရင် သင် မိဘဖြစ်တဲ့အခါ သားသမီးကောင်းရဖို့ မမျှော်လင့်ပါနဲ့။ သင်ဟာ တပည့်ကောင်းမဖြစ်ခဲ့ဘူးဆိုရင် သင် ဆရာဖြစ်တဲ့အခါ တပည့်ကောင်းရဖို့ မမျှော်လင့်ပါနဲ့။ အရှင်စန္ဒဇောတိ(သာသနာနွယ်)

ဆွေဆွေကျော်တင့် (@sweswekyawtint) 's Twitter Profile Photo

အရူးဆဲရင် ပြန်မဆဲနဲ့ အရူးနှစ်ယောက်ဖြစ်သွားမယ်။ လူညံ့ကဲ့ရဲ့ရင် ပြန်မကဲ့ရဲ့နဲ့ လူညံ့နှစ်ယောက်ဖြစ်သွားမယ်။ လူမိုက်ယုတ်မာရင် ပြန်မယုတ်မာနဲ့ လူမိုက်နှစ်ယောက်ဖြစ်သွားမယ်။ ဘယ်သူပျက်ပျက် ကိုယ်မပျက်နဲ့ တရားရှိရမယ်။ Credit: Original uploader

ဆွေဆွေကျော်တင့် (@sweswekyawtint) 's Twitter Profile Photo

ရေရှည်မှာ ကိုယ်နဲ့ထိုက်တန်တာ ကိုယ်ရတယ် ကောင်းတာတွေး ကောင်းတာပြော ကောင်းတာလုပ်တဲ့သူဟာ ရေရှည်မှာ ကောင်းကျိုးရမှာသေချာတယ် ရေရှည်ကြည့်ပါ မျက်တောင်တစ်ဆုံးမကြည့်ပါနဲ့ မျက်စိတစ်ဆုံးကြည့်ပါ..... (ဆရာတော်ဦးဇောတိက)

ဆွေဆွေကျော်တင့် (@sweswekyawtint) 's Twitter Profile Photo

ကိုယ်ကောင်းလို့မှ သူကမကောင်းရင် ကိုယ်က ဆက်ကောင်းပေးနေရုံပါဘဲ။ လောကသဘောမှာ သာပြီးသိသူက ပိုပြီး သည်းခံရတယ် မဟုတ်လား။ သူမကောင်းလို့ ကိုယ်လည်းမကောင်းဘူးဆိုရင် ကိုယ်လည်း သူ့လို မကောင်းသူဖြစ်သွားမှာပေါ့။ (အရှင်တိက္ခ-ယောနွယ်)

ဆွေဆွေကျော်တင့် (@sweswekyawtint) 's Twitter Profile Photo

ကိုယ့်အတွက် အကောင်းဆုံးသူကို မရှာပါနဲ့... သူတပါးအတွက်သာ ကိုယ်ကအကောင်းဆုံးသူဖြစ်အောင် ကြိုးစားလိုက်ပါ... အေးချမ်းပါတယ်..... (အရှင်တေဇာနန္ဒ)

ဆွေဆွေကျော်တင့် (@sweswekyawtint) 's Twitter Profile Photo

မျက်စိလည် လမ်းပျောက်လာတဲ့ခွေးလေးက အိမ်ရောက်တာ ၇လပြည့်လို့ မိသားစုဝင်လေးလိုဖြစ်နေပါပြီ...

မျက်စိလည် လမ်းပျောက်လာတဲ့ခွေးလေးက အိမ်ရောက်တာ ၇လပြည့်လို့ မိသားစုဝင်လေးလိုဖြစ်နေပါပြီ...
ဆွေဆွေကျော်တင့် (@sweswekyawtint) 's Twitter Profile Photo

နုပျိုတယ်ဆိုတဲ့ စကားလုံးတွေကြားမှာ မမော်ကြွားရဲပါဘူး မျက်မှန်မပါရင် စာလုံးတွေမမြင်ရတော့တဲ့ မျက်လုံးတွေရယ်.... ခေါင်းဖြီးလိုက်တိုင်း အတင်းတိုးထွက်လာတဲ့ ဆံပင်ဖြူဖြူတွေက ဇရာကို သက်သေပြနေကြလေရဲ့.....

နုပျိုတယ်ဆိုတဲ့ စကားလုံးတွေကြားမှာ
မမော်ကြွားရဲပါဘူး
မျက်မှန်မပါရင် စာလုံးတွေမမြင်ရတော့တဲ့ မျက်လုံးတွေရယ်....
ခေါင်းဖြီးလိုက်တိုင်း
အတင်းတိုးထွက်လာတဲ့ 
ဆံပင်ဖြူဖြူတွေက
ဇရာကို သက်သေပြနေကြလေရဲ့.....
ဆွေဆွေကျော်တင့် (@sweswekyawtint) 's Twitter Profile Photo

"X" မသုံးဖြစ်တာ ၁နှစ်နီးပါးရှိပြီ ခုမှ မျက်စိလည်ပြီးပြန်ရောက် အားလုံးဘဲ မင်္ဂလာပါရှင်

"X" မသုံးဖြစ်တာ ၁နှစ်နီးပါးရှိပြီ
ခုမှ မျက်စိလည်ပြီးပြန်ရောက်
အားလုံးဘဲ မင်္ဂလာပါရှင်