RFA Burmese(@RFABurmese) 's Twitter Profileg
RFA Burmese

@RFABurmese

တိကျ | မှန်ကန် | သတင်းမြန်
https://t.co/0bfxTDoaN1
https://t.co/s60ezi3QSz
https://t.co/Ba6NjLjIMJ
https://t.co/OrT3it7r03

ID:17594869

linkhttp://www.rfa.org/burmese/ calendar_today24-11-2008 16:33:05

83,6K Tweets

889,9K Followers

27 Following

RFA Burmese(@RFABurmese) 's Twitter Profile Photo

ဆရာတော် ဦးဝါယမဟာ ကပ္ပိယတစ်ဦးနဲ့အတူ စစ်ဘေးဒုက္ခသည်တွေအတွက် ရိက္ခာဝယ်ယူဖို့ မော်လမြိုင်မြို့ကို ကားနဲ့ သွားရောက်ချိန် ကျွန်းကုန်းရွာနားမှာ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတာလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
rfa.org/burmese/news/g…

account_circle
RFA Burmese(@RFABurmese) 's Twitter Profile Photo

အာဆီယံ-နယူးဇီလန်ညီလာခံကိုတက်မယ့် စစ်ကောင်စီရဲ့ ကိုယ်စားလှယ်ကို ပြည်ဝင်ခွင့်ဗီဇာပိတ်ဖို့ တောင်းဆိုချက်နဲ့ ပတ်သက်လို့ နယူးဇီလန် ဗဟိုတရားရုံးက ဆုံးဖြတ်ဖို့ မသင့်တော်ဘူးလို့ ဒီနေ့ပြောဆိုလိုက် ပါတယ်။
rfa.org/burmese/news/j…

account_circle
RFA Burmese(@RFABurmese) 's Twitter Profile Photo

သံတွဲမြို့နယ်မှာ ဧပြီလ ၁၅ ရက် မနေ့နေ့လယ်က စစ်ကောင်စီတပ်က ပထမဆုံးအကြိမ် ဂျက်တိုက် လေယာဉ်နှစ်စင်းနဲ့ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
rfa.org/burmese/news/t…

account_circle
RFA Burmese(@RFABurmese) 's Twitter Profile Photo

MSDF နဲ့ MSRF တပ်နှစ်ခုအကြား စစ်သင်တန်းနဲ့ စစ်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းတွေကို ပူးပေါင်းလုပ်ဆောင်သွားဖို့နဲ့ တိုက်ပွဲတွေမှာ မဟာမိတ်အနေနဲ့ အတူတိုက်ပွဲဝင်သွားဖို့ သဘောတူထားတယ်လို့ ကြေညာထားပါတယ်။
rfa.org/burmese/progra…

account_circle
RFA Burmese(@RFABurmese) 's Twitter Profile Photo

ခလရ (၁၀၃) က စစ်ကောင်စီတပ်သားတွေဟာ ဧပြီလ ၁၅ ရက် မနေ့က ထီးထာ့ ဗျူဟာကို အင်အားစုဖွဲ့ဖို့ ပြန်လာတဲ့လမ်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟာ အမှတ် (၄) က ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
rfa.org/burmese/news/m…

account_circle
RFA Burmese(@RFABurmese) 's Twitter Profile Photo

အဲဒီလက်နက်ကြီးတွေဟာ မိုးညှင်း GTI ကျောင်းမှာ စခန်းချနေတဲ့ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ပစ်ခတ်ခဲ့တာလို့ ပြောပါတယ်။

rfa.org/burmese/news/m…

account_circle
RFA Burmese(@RFABurmese) 's Twitter Profile Photo

အဲဒီနေ့ညနေပိုင်းမှာပဲ အရာတော်မြို့နယ်တောင်ပိုင်း မလဲသာနဲ့ ကန်ရင်း ကျေးရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းက တိုက်ခိုက်ပြီးနောက် မြေပြင်ကနေ ဝင်ရောက်စီးနင်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
rfa.org/burmese/news/2…

account_circle
RFA Burmese(@RFABurmese) 's Twitter Profile Photo

■ ကယန်းအမျိုးသားနေ့အခမ်းအနား ထိုင်းနိုင်ငံထဲက ကျေးရွာမှာ ကျင်းပ
■ ဒီးမော့ဆိုအနောက်ခြမ်းက‌ ကျေးရွာတစ်ခုမှာ ကမ်ခွမ့် (ခေါ်) တံခွန်တိုင်ပွဲ အကျဉ်းချုပ်ကျင်းပ

youtu.be/-sme6PWdS10

account_circle
RFA Burmese(@RFABurmese) 's Twitter Profile Photo

ဒီတစ်ပတ်မှာတော့ .... အကြိမ်ကြိမ်ရှုံးနိမ့်ခဲ့ပေမဲ့ လက်မလျှော့ဘဲ ပြန်လည်ကြိုးစားခဲ့တဲ့အတွက် ရည်မှန်းချက် ပန်းတိုင်ဆီ ဆက်လက်လျှောက်လှမ်းနိုင်ခဲ့သူ ကျောင်းသူတစ်ယောက်အကြောင်း မခက်မာ တင်ပြထားပါတယ်။
youtu.be/hZKR0962HjA

account_circle
RFA Burmese(@RFABurmese) 's Twitter Profile Photo

စစ်မှုထမ်းဥပဒေနဲ့ လူငယ်တွေအပေါ် ဖိအားပေးနေတဲ့ စစ်အာဏာရှင်လက်အောက်ကို လူငယ်တွေ မရောက်အောင် အားလုံးမှာ တာဝန်ရှိတယ်လို့ သပိတ်လှုပ်ရှားမှုမှာ ပါဝင်သူတစ်ဦးဖြစ်တဲ့ လုံခြုံရေးအရ အမည်လွှဲထားတဲ့ Loki က ပြောပါတယ်။
rfa.org/burmese/progra…

account_circle
RFA Burmese(@RFABurmese) 's Twitter Profile Photo

သံချပ်တွေထဲမှာ စစ်ကောင်စီကိုချည်း ဆန့်ကျင်ကန့်ကွက်တာမျိုးမဟုတ်ဘဲ NUG အစိုးရရဲ့ အမြီးအမောက်မတည့်တဲ့ လုပ်ဆောင်ပုံတွေကိုလည်း သရော်ထားကြပါတယ်။ rfa.org/burmese/multim…

account_circle
RFA Burmese(@RFABurmese) 's Twitter Profile Photo

အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ လက်ချက်ကြောင့် အမျိုးသမီးအယောက် ၈ဝဝ ကျော်သေဆုံးခဲ့ရပါတယ်။ ဒီသင်္ကြန်ကာလမှာတော့ အမျိုးသမီးတွေရဲ့ မကျေနပ်ချက်တွေက သံချပ်အဖြစ်ထွက်ပေါ်လာပါတယ်။
rfa.org/burmese/multim…

account_circle
RFA Burmese(@RFABurmese) 's Twitter Profile Photo

ဗကသ၊ တကသ တက္ကသိုလ်ကျောင်း သားတွေနဲ့ဖွဲ့ထားတဲ့ ‘တော်လှန်သံညံ သံချပ်သင်္ကြန်’ အဖွဲ့ဟာ ဧပြီလ ၁၄ ရက် သင်္ကြန်အကျနေ့က ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ သံချပ်ထိုးဖျော်ဖြေတင်ဆက်ခဲ့ကြပါတယ်။
rfa.org/burmese/multim…

account_circle
RFA Burmese(@RFABurmese) 's Twitter Profile Photo

မြန်မာနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံကို နှစ်ပေါင်းများစွာကတည်းက ရောက်နေတာပါ။ အများစုကတော့ ရွှေ့ပြောင်းအလုပ်သမားတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ထူးထူးခြားခြားတွေ့ရတာကတော့ စစ်ကောင်စီက အတည်ပြုလိုက်တဲ့ စစ်မှုထမ်းဥပဒေကြောင့် ထွက်ပြေးလာတဲ့လူငယ်တွေပါ။
rfa.org/burmese/progra…

account_circle
RFA Burmese(@RFABurmese) 's Twitter Profile Photo

မြစ်ကြီးနားကနေတစ်ဆင့် တင်ပို့တဲ့ စားသုံးဆီ၊ ဆား၊ ကြက်သွန် စတဲ့ အခြေခံစားသောက်ကုန်တွေလည်း ပြတ်လပ်လာတာကြောင့် စားသောက်ဖို့ အခက်အခဲဖြစ်လာတဲ့ မိသားစုတွေတောင် ရှိလာတယ်လို့ ဆိုပါတယ်။
rfa.org/burmese/news/p…

account_circle
RFA Burmese(@RFABurmese) 's Twitter Profile Photo

စစ်ကိုင်းတိုင်းမှာ နယ်မြေစိုးမိုးမှု ပြန်ရဖို့ စစ်ကောင်စီ ကြိုးပမ်း
____________

account_circle